[flexy_breadcrumb]

အီမာဒို

ထိသေစားသေ ပိုးသတ်ဆေးခဲ

Specification

EMADO 10 WDG

ရေ(၄)ဂါလန်တွင် ဆေးခဲ (၅-၁၀)ဂရမ်

အီမာဒို(၁၀)ဒဗလျူဒီဂျီ ရေဖျော်ဆေးခဲသည် အင်းဆက်ပိုးများကို အကြောဆွဲ၍ သေစေသည်။ အထူးသဖြင့် ဂေါ်ဖီနှင့် ဟင်းသီးဟင်းရွက်များတွင် ကျရောက်သော စိန်ကွက်ဖလံနှင့် ယင်ဖြူများ၊ စပျစ်တွင်ကျရောက် ဖျက်ဆီးတတ်သော အညိုဖျော့ရောင် ပန်းသီးဖလံနှင့် စပျစ်နွယ်ဖလံတောင်များ၊ ငြုပ်၊ ဆလပ်၊ ပြောင်းချိုနှင့် ခရမ်းချဉ် တို့တွင် ကျရောက်သော သီးထိုးပိုး၊ ရွက်စားပိုးများကို နှိမ်နှင်ရာတွင် အသုံးပြုရသည်။

စပါး၊ ဝါ၊ ပဲနှင့် ပဲမျိုးစုံသီနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးပင်များတွင် ကျရောက် သော လိပ်ပြာဖလံမျိုးဝင် ပိုးလောက်ကောင်များ နှိမ်နှင်ရာတွင် ထိရောက်သည်။ ပိုးဟပ်နှင့် ပုရွက်ဆိတ်များလည်း နှိမ်နှင်းနိုင်သည်။ ၎င်းသည် ထိသေနှင့် စားသေ အာနိသင်ရှိပြီး လိပ်ပြာဖလံမျိုးဝင် ပိုးလောက်ကောင်များကို အဆင့် အမျိုးမျိုး၌ နှိမ်နှင်းနိုင်သည်။